Main menu

ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူပြည်သူများကို အသိပညာပေးဟောပြောခြင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များကို ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

   ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် မိတ်ဖက်ဌာန မြို့နယ်စည်ပင် သာယာရေးကော်မတီမှ ဝန်ထမ်းတို့ဖြင့်ပူးပေါင်း၍ ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီ အမျိုးအမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ GOOD CHOICE Vegetable Cooking Oil ၊ Duck Vegetable Cooking Oil နှင့် Goody Vegetable Cooking Oil အမှတ်တံဆိပ်ဆီများကို အများဆုံးရောင်းချပြီး ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားကြောင်း စိစစ်တွေ့ရှိရသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းမှ စားသုံးဆီအမျိုးမျိုးရောင်းချသည့် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ထားခြင်းမရှိသောကုန်စည်များနှင့် မြန်မာဘာသာကုန်အညွှန်းအမှတ်အသားများ လုံးဝ(လုံးဝ)ဖော်ပြထားခြင်းမရှိဘဲ အခြားဘာသာများဖြင့် ဖော်ပြထားသောကုန်စည်များအား ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ဥပဒေအရအရေးယူခံရနိုင် ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့်ကုန်အညွှန်း အမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက်အလက်ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)