Main menu

တာချီလိတ်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၆)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ရုံးမှ ဝန်ထမ်းများသည် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်းတို့နှင့် ပူးပေါင်း၍ တာချီလိတ်မြို့အပြင် တာချီလိတ်-ကျိုင်းတုံလမ်းမဘေးရှိ စက်သုံးဆီအရောင်းဆိုင်(၈)ဆိုင်အား စက်သုံးဆီအချင်အတွယ်ပြည့်ဝမှန်ကန်မှု ရှိ/မရှိအခြေအနေ၊ သက်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေမှု ရှိ/ မရှိအခြေအနေနှင့် စက်သုံးဆီလက်ကျန်အခြေအနေတို့ကို ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။

 ထိုသို့စစ်ဆေးရာတွင် တာချီလိတ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီလက်ကျန်အနေနှင့် လုံလောက်စွာသိုလှောင်ထားရှိပြီး သက်မှတ်ရည်ညွှန်းဈေးအတွင်းသာ ရောင်းချကာ အချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိသည်ကိုလည်း စစ်ဆေးတွေ့ရှိရပါသည်။ စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စက်သုံးဆီအရောင်းဆိုင်တာဝန်ခံများကို အချင်အတွယ် မှန်ကန်မှုရှိစေရေးကို အလေးထားရန်၊ သတ်မှတ်ရည်ညွှန်ဈေးအတွင်းသာ ရောင်းချရန်တို့ကို မှာကြားခဲ့၍ စက်သုံးဆီလက်ကျန်အခြေအနေ စစ်ဆေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)