စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့ပါဝင်သောအဖွဲ့သည် (၅.၇.၂၀၂၃)ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဇလွန်မြို့၊ မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများကို ဈေးကွက်စောင့်ကြည့်ခဲ့ပါသည်။
စားသုံးဆီများသည် နေ့စဉ်ချက်ပြုတ်စားသုံးရာတွင် မပါမဖြစ်အသုံးပြုနေရခြင်း၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်မှုမရှိသည် စားသုံးဆီကိုရေရှည်စားသုံးမိပါက စားသုံးသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာပြဿနာများကြုံတွေ့လာနိုင်ခြင်းတို့ကြောင့် စစ်ဆေးရခြင်းဖြစ်ကြောင်း၊ အဆိုပါစားသုံးဆီများတွင် ကုန်အညွှန်းဖော်ပြရာ၌ ပင်ရင်းပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအမည်ကို မြန်မာဘာသာဖြင့် တိကျစွာ ဖော်ပြခြင်းရှိ၊မရှိနှင့် ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်များဖြင့် ဖော်ပြခြင်းရှိ၊မရှိ တို့ကိုစစ်ဆေးခဲ့ပါကြောင်းနှင့် ဇလွန်မြို့မဈေးအတွင်းရှိ လက်လီ၊လက်ကားဖြန့်ဖြူးရောင်းချနေသော ကုန်မျိုးစုံဆိုင် (၂) ဆိုင်ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)