Main menu

မြန်အောင်မြို့နယ်ရှိ စာသင်ကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျေင်းခွဲရှိ ဆရာ၊ ဆရာမ ၂၀ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၃၅၀ ဦးတို့ကို (၆.၇.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ တွင်လည်းကောင်း၊ မြန်အောင်မြို့နယ်၊ အုတ်ရှစ်ကုန်းရွာအခြေခံပညာအထက်တန်ကျောင်းရှိ ဆရာ၊ ဆရာမ ၁၉ ဦးနှင့် ကျောင်းသား/သူ ၄၁၅ ဦးတို့ကို (၆.၇.၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) တွင်လည်းကောင်း၊ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

      ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ အကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပါသည်။

       ဟောပြောပွဲအပြီးတွင် မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံ မှုရှိ/မရှိ ကွင်းဆင်းစိစစ် ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာ ရောင်းချရန် မုန့်ဈေးတန်းရောင်းချသူများကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)