ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး ၊ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်နယ်မြေဒေသ ကဏ္ဍအလိုက် ကွင်းဆင်းဆောင်ရွက်မှုများကို အသိပညာပေး ဟောပြောဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါဟောပြောမှုတွင် မြို့နယ်ဦးစီးအရာရှိ ဦးအောင်ဇော်ဦးမှ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလုပ်ဆောင်ရမည့်အချက်အလက်များကို ပညာပေးဆွေးနွေးခဲ့ပြီးနောက်၊ မွေးမြူရေးလုပ်ငန်းအခြေအနေနှင့် ဦးတည်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် တစ်ပိုင်တစ်နိုင်လုပ်ငန်းမှတစ်ဆင့် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းကိုချဲ့ထွင်ပြီး ခေတ်မီနည်းစနစ်ကျသည့် မွေးမြူရေးလုပ်ငန်း ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရမည်ဖြစ်ကြောင်း ပညာပေးဆွေးနွေးပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည်တာဝန်များ၊ တားမြစ်ချက်၊ ဥပဒေ၏ ချမှတ်နိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူများ ထိခိုက်နစ်နာမှုရှိပါက စားသုံးသူ၏နစ်နာမှုအတွက် ကာကွယ်ပေးရန် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများရှိသောကြောင့် ယခင်ဖြေရှင်း ဆောင်ရွက်ပေးခဲ့ရမည့် ဖြစ်စဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များမှ လိုက်နာရမည့် ဥပဒေ၏ တာဝန်ဝတ္တရာများကို နားလည်သဘောပေါက်၍ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ဟောပြောခဲ့၍ တက်ရောက်လာသူ လုပ်ငန်းရှင် ၂၇ ဦး၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)