Main menu

ဖျာပုံမြို့ အ.ထ.က(၄)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး       ဦးစိုးမင်းထိုက်၊ မြို့နယ်တာဝန်ခံဦးမင်းဇော်နှင့် ဝန်ထမ်းတို့သည် (၆.၇.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီ အချိန်တွင်ဖျာပုံမြို့ အ.ထ.က(၄)ကျောင်းတွင် ဆရာ/ဆရာမ(၄၃)ဦး၊ ကျောင်းသူ/ကျောင်းသား(၁၁၅၇) ဦးကို စားသုံးသူကာကွယ်ရေး အသိပညာပေးခဲ့ပါသည်။

   အဆိုပါဟောပြောဆွေးနွေးပွဲတွင် ဒုတိယခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်မှ စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍  စားသုံးသူကာကွယ်ရေးဆိုင်ရာ  အကြောင်းအရာများ၊ စားသုံးသူများ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများအကျိုးစီးပွား  ကာကွယ်ရေးဆောင်ရွက်ချက်များ၊ စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ  ဝယ်ယူခြင်းမပြုမီ  သတိပြုဆောင်ရွက်ရမည် အချက်များ၊  ကုန်စည်နှင့်  စပ်လျဉ်း၍အာမခံပေး ထားမှုအပေါ် စာသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ မည်သည့်စီးပွားရေး လုပ်ငန်းရှင် မဆိုကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည်အချက်များကို ဆွေးနွေးဟောပြောခဲ့ပြီး မြို့နယ်တာဝန်ခံဦးမင်းဇော်မှ ဥပဒေပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ) တို့ပါကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပိုတွဲလျက်ဖြစ်စေ ဖော်ပြထားသည့်ကုန်ပစ္စည်းများ၊သတိထားရွေးချယ်ချယ်ရမည့်အချက်များ၊ ဓာတုဆိုးဆေး၊ တာရှည်ခံဆေး၊ ပိုးသတ်ဆေးများ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များအကြောင်း အသိပေးဟောပြောဆွေးနွေးပြီး မိမိတို့စားသုံးသူရေး ရာဦးစီးဌာနအနေဖြင့်လည်း  ကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးခြင်း ဘေးအန္တရာယ်ရှိသောကုန်စည်နှင့်ဝန်ဆောင်မှုများဈေးကွက်အတွင်းမှ  ပြန်လည်သိမ်းဆည်းစေရေး၊ တားမြစ်ရေးများကို  အခါမလပ်   ကြိုးစားအားထုတ်ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်းများ  ပြုလုပ်လျက်ရှိကြောင်း အသိပေးဟောပြောခဲ့ကြောင်း၊ ‌ကျောင်းမုန့်ဈေးတန်းကြီးကြပ်ရေးအဖွဲ့နှင့် အတူကျောင်းမုန့်   ဈေးတန်းတွင်ရောင်းချနေသော မုန့်သည်များအား ဘေးအန္တရာယ်ကင်းရှင်းသော မုန့်များကိုသာ  ရောင်းချရန်မှာကြားခဲ့ပြီး ဘေးအန္တရာယ်ရှိသောမုန့်များရှိ / မရှိအား ကြည့်ရှုခဲ့ကြောင်းသတင်းရရှိပါ သည်။

DOCA(ဧရာဝတီ)