Main menu

ချောက်မြို့နယ်၊ ထိန်ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ထိန်ကန်ကျေးရွာ၌ ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ကြွယ်ဝစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေး ဟောပြောပွဲကို(၈.၇.၂၀၂၃)ရက်နေ့ ၊နံနက်(၀၉:၀၀)နာရီအချိန်တွင် ထိန်ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲ အခန်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောမြဖောင်းက “သဘာဝဘေး အသိပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သည့် ပစ္စည်းများအား ဝယ်ယူသုံးစွဲတတ်စေရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒု-ဦးစီးမှူးဒေါ်ညိမ်းညိမ်းအေးက “ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် ပူးပေါင်းကာကွယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပြောကြားခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူလေးများ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ပုံပြင်ပြောပြခြင်း၊ ဉာဏ်စမ်း အမေးအဖြေမေးမြန်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

          ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများအား ထိန်ကန်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျောင်းအုပ်ဆရာကြီးဦးအောင်ကျော်ထူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်းကောင်း ဟောပြောပွဲတက်ရောက်လာသည့် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများအား ဌာနအလိုက်အသီးသီးဖြန့်ဝေပေးခြင်း၊ ကျောင်းသား/ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ် စာစောင်များအား ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည့်မေးမြန်းမှုများအပေါ် ဝန်ထမ်းများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ခြင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ကျောင်းစာကြည့်တိုက်ရှိ စာအုပ်/စာစောင်များအား ကြည့်ရှုခဲ့ပြီး စာကြည့်တိုက်အတွက် စာအုပ်လှူဒါန်းပေးခြင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းမုန့်စျေးတန်းအစား/အသောက် ဘေးအန္တရာယ် ကင်းရှင်းရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)