
၂၀၂၃ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် ကြက်သွန်နီ ကုန်စည်ဒိုင်၌ ကြက်သွန်နီ စိုက်ပျိုးရာ ဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်ပင်စိုက်များ အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် အခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့တောင်သာနယ်၊ ညောင်ဦးနယ်တို့မှ ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများအပြင် ကြက်သွန်ဖြူများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပါသည်။
ပခုက္ကူ ကြက်သွန်နီ ကုန်စည်ဒိုင်၏ ကြက်သွန်နီနှင့် ကြက်သွန်ဖြူဒိုင်ပြတ်ဈေးမှာ ပေါက်နယ်(ယောစ) ထိပ်စ တစ်ပိဿာလျှင် ကျပ်(၁၉၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ် (၁၇၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၆၅၀)၊ ပုလဲ ကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် ကျပ် (၁၈၇၅)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၈၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၁၃၀၀)ဖြင့် နေ့စဉ်ကုန်ချိန် ပိဿာ(၅၀၀၀၀ မှ ၁၀၀၀၀၀)ကျော် အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသို့လည်း တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
ကြက်သွန်ဖြူ(ဗမာ) ဒိုင်ပြတ်လက်ကားဈေးမှာ အရည်အသွေးပေါ်မူတည်၍ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၈၂၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၇၄၀၀)၊ အနိမ့် တစ်ပိဿာလျှင် ကျပ်(၆၀၀၀) ဖြစ်ပြီး ကြက်သွန်ဖြူ(ရှမ်းစ) ထိပ်စ တစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ အနိမ့် တစ်ပိဿာလျှင် ကျပ်(၆၅၀၀)ဖြင့် ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ်ဖြစ်နေပါသည်။
DOCA(မကွေး)