ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးဦးစိုးအောင်နှင့် ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်းတို့သည် ၂၀၂၃ခုနှစ်၊ဇူလိုင်လ ၁၀ ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီ နေပြည်တော် ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ(၃)တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦး ဦးဆောင်သော Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သော ညှိနှိုင်းအစည်းအဝေးသို့ ပုသိမ်မြို့ သီဟိုဠ်အသင်းဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် အဖွဲ့ဝင်များ သာပေါင်းမြို့နယ် သီဟိုဠ်အသင်းဥက္ကဋ္ဌ ဦးတင်ဦးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်၊၊
အစည်းအဝေးတွင် တိုင်းဦးစီးမှူးဦးစိုးအောင်မှ သီဟိုဠ်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ပတ်သတ်၍ စိုက်ဧက ၊အထွက်နှုန်း၊ ပြည်တွင်း/ပြည်ပ ဈေးကွက်အခြေအနေ နှင့်ပတ်သတ်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်းမှ ဧရာဝတီတိုင်းအတွင်း စိုက်ပျိုးထားသော သီဟိုဠ်စိုက်ဧက ကုန်ကြမ်းတင်ပို့ရောင်းချမှုဈေးကွက်အခြေအနေ ကုန်ချောထုတ်လုပ်မှု (၁)ဧက ကုန်ကျစရိတ်များကို ရှင်းလင်းတင်ပြ၍ သီဟိုဠ်အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှလည်း ယခင်နှစ် ဈေးနှုန်းနှင့် ယခုနှစ်ဈေးနှုန်းအထွက်နှုန်း ထွက်ချေကိုက်မှု သီဟိုဠ်အသင်းဖွဲ့စည်းထားရှိမှု လုပ်ငန်းရှင်များ၏အားနည်းချက် ၊ အားသာချက် သီးနှံပေါ်ချိန် ရေရရှိမှု ကုန်ချောထုတ်လုပ်၍ ရောင်းချနိုင်လျှင် ပိုမိုအကျိုးအမြတ်ရရှိနိုင်မှာဖြစ်၍ အထွက်နှုန်းတိုးစေရန် လိုအပ်ချက်များအား ရှင်းလင်းတင်ပြ၍ ပြည်ပသို့တိုးချဲ့တင်ပို့နိုင်ရန် အခြားလိုအပ်ချက်များအတွက် အစိုးရဌာနများမှအသင်းနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ပါသည်။
DOCA(ဧရာဝတီ)