Main menu

စိုက်ပျိုးလုပ်သားစရိတ်များစျေးပိုလာ

Powered by Drupal

      မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ယခု ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ လုပ်သားခများ စျေးပိုလာကြောင်း သိရသည်။ နေ့စားလုပ်သားခမှာ ကျား၊မ မရွေးတစ်ဦးလျှင် ယခင်နှစ်က တစ်ရက်လျှင် (၅၀၀၀) ကျပ်၊ ပေးရသော်လည်း ယခုနှစ်တွင် (၅၅၀၀ ကျပ်မှ ၆၀၀၀ ကျပ်ထိ) ရှိကြောင်းသိရသည်။ လုပ်သားများအနေနှင့် ၎င်းတို့ဝယ်ယူစားသုံးရသော စားသောက်စရိတ်များမြင့်တက်လာခြင်းကြောင့် နေ့စားခကို ပိုမိုတောင်းခံလာရာ မြေ၊ ယာပိုင်ရှင်များမှာလည်း လုပ်သားရှားပါးမှုနှင့် အချိန်မီစိုက်ပျိုးရန် လိုအပ်ခြင်းကြောင့်ဖြစ်သည်။ လုပ်သားခမြင့်တက်လာသကဲ့သို့ ထယ်၊ထွန်ခမှာလည်း ယခင်နှစ်က နွားတစ်ရှဉ်းလျှင် (၁၀၀၀၀) ကျပ် ရှိခဲ့ပြီး၊ ယခုနှစ်မှာတော့ (၁၅၀၀၀) ကျပ်သို့ မြင့်တက်လာပါသည်။ ဒေသတွင်း တောင်သူများအနေနှင့် မြေသြဇာကို ဓါတုမြေသြဇာအနည်းငယ်သာသုံးပြီး သဘာဝမြေသြဇာဖြစ်သည့် နွားချေားကို ပိုမိုသုံးစွဲရာ နွားချေားလှည်းတစ်စီးလျှင် (၂၀၀၀၀) ကျပ်၊ Faw ကားတစ်စီး လျှင် (၂၀၀၀၀၀) ကျပ်နှင့် ကြက်ချေးတစ်တင်းခွဲ တစ်အိတ်လျှင် (၅၅၀၀) ကျပ် ရှိကြောင်း သိရသည်။ မိုးသီးနှံအနေနှင့် နှမ်း၊မြေပဲ၊ ဝါ၊ နေကြာ၊ ပဲစဉ်းငုံ၊ နွာစားပြောင်း၊ ခရမ်းချဉ်၊ ငရုတ်တို့ကို စိုက်ပျိုးထားကြောင်း သိရသည်။

DOCA(မန္တလေး)