Main menu

မော်လမြိုင်မြို့၊ အ.ထ.က (ခွဲ)၊ စမ်းကြီးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးကာ ကျောင်းမုန့်ဈေးတန်းကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ၁၁.၇.၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ အ.ထ.က (ခွဲ) စမ်းကြီးကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး စမ်းကြီးကျောင်းရှိ ကျောင်းမုန့်ဈေးတန်းကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

  ထို့အပြင် ကျောင်းမုန့်ဈေးတန်းအတွင်း ရောင်းချနေသော မြန်မာမုန့်များတွင် သန့်ရှင်းလတ်ဆက်မှုရှိစေရေးနှင့် လေဖောင်းမုန့်များ၊ ဖျော်ရည်ဘူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိစစ်ဆေးခြင်း၊ သက်တမ်းလွန်စားသောက်ကုန်များနှင့် စားသောက်ရန်မသင့်သော စားသောက်ကုန်များဖြစ်/မဖြစ်တို့ကို စစ်ဆေးခဲ့ပြီး ကုန်အညွှန်အမှတ်အသား ဖော်ပြပါရှိသော စားသောက်ကုန်များသာ ရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းသောစားသောက် ကုန်များသာရောင်းချရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ  ဒေါ်ယွန်းမီမီဖူးဝေ အငယ်တန်းစာရေးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းရှင်းလင်းဆွေးနွေးခြင်း၊ ဒေါ်ဝါဝါမြိုင် ဦးစီးအရာရှိက ကုန်အညွှန်းအမှတ်အသားဆိုင်ရာများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်လာလျှင် တိုင်ကြားနိုင်သည့် နေရာများအပြင် Consumer Call Center သို့ဖုန်းခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်း၊ www.doca.gov.mm တွင်လည်း ဝင်ရောက်တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးကာ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၆) ဦး တက်ရောက်ခဲ့ပါသည်။

DOCA(မွန်)