Main menu

ဗန်းမော်မြို့၌ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်‌ကျော်ဦးသည် (၁၃.၇.၂၀၂၃)ရက်နေ့၊ (၁၁း၀၀)နာရီအချိန်တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ဗန်းမော်မြို့ရှိ ကုန်မျိုးစုံဖြန့်ဖြူးရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်(၃)ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာနအဆင့်ဆင့်ဖြစ်ပေါ်လာပုံ၊ ယခုလက်ရှိမိမိတို့ဌာနမှ  ဆောင်ရွက်နေသောလုပ်ငန်းများအကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ကုန်စည်များကို စားသုံးသူများ ယုံကြည်စိတ်ချရစွာ အသုံးပြုနိုင်ရေးအတွက် အန္တရာယ်ကင်းရှင်းအောင် ဂရုတစိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များအနက် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှု ရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကိုဖော်ဆောင်ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း၊ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် အချက်များ၊   ဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှု၊ပြစ်ဒဏ်များ အကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)