Main menu

မြိတ်မြို့၊ ဆိပ်ငယ်စျေးကြီးတွင် ကုန်အညွှန်းအမှတ်အသားပါရှိရေး အသိပညာပေးကွင်းဆင်း

Powered by Drupal

  မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးနှင့် သက်ဆိုင်ရာဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးရှိ ကုန်စုံဆိုင်များတွင် အစားအသောက်ဘေးကင်းရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ကုန်စုံဆိုင်များအနေဖြင့် ဘေးအန္တရာယ်ရှိသောကုန်စည်များ မရောင်းချစေရေးနှင့် မြန်မာဘာသာဖြင့် ဖော်ပြပါရှိသော ကုန်စည်များရောင်းချစေရေး ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)