Main menu

 ဟားခါးမြို့ပေါ်ရှိ ကုန်ပစ္စည်းဖြန့်ဖြူးရောင်းချနေသူများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)၊ ဦးကီးအောင်လိန်း(ဒု-ဦးစီးမှူး)၊ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)၊ မြို့နယ်အထွေအထွအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးကျော်ဝင်းထွဋ်(ဒု-ဦးစီးမှူး)နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဟုန်းကီးထွန်း(အငယ်တန်းအင်ဂျင်နီယာ-၄) တို့သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ကုန်စုံဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုန်စုံဆိုင်ရောင်းချနေသူများအနေဖြင့် စားသုံးသူပြည်သူများကို ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ဖြစ်စေ  ထိခိုက်နစ်နာစေမည့် ကုန်စည်နှင့်ဝန်ဆောင်မှု မျိုးတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချရာတွင် မြန်မာဘာသာနှင့်တွဲလျက် အခြားဘာသာဖြင့် အများပြည်သူသိရှိနားလည်အောင် သိသာထင်ရှားစွာဖော်ပြပေးရမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းများမှာယူရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပါရှိသည့် ကုန်စည်များကိုသာ ဦးစားပေးရောင်းချရမည်ဖြစ်ကြောင်း၊ မိမိတို့ဦးစီးဌာနများအနေဖြင့် အများပြည်သူအပေါ် ဘေးအန္တရာယ်ဖြစ်စေသော တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုရှိပါက  ကုန်ပစ္စည်းဖြန့်ဖြူးရောင်းချသူများကိုလည်း အချိန်နှင့်တပြေးညီ အသိပေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သက်ဆိုင်ရာဌာနများက သတ်မှတ်ထားသည့် လမ်းညွှန်ကြားချက်များကို ပူးပေါင်းလိုက်နာဆောင်ရွက်ပေးကြရန် ရှင်းလင်းမှာကြားခဲ့ပါသည်။

 

DOCA(ချင်း)