.jpg?itok=UW8lbj1h)
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်းအဖွဲ့ တာဝန်ရှိသူများ (၁၂.၇.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပန်းတနော်မြို့ရှိ ဈေးတန်းနှင့် စားသုံးဆီရောင်းချနေသော စားသောက်ကုန်စုံဆိုင်(၈)သို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
အဆိုပါစစ်ဆေးဆောင်ရွက်မှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံ ဦးပိုးဖြူပိုင်မင်းက ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ရောင်းချနေသော ဆီဘူးများတွင် ပြည်စုံမှန်ကန်စွာဖော်ပြထားသော ကုန်စည်များကိုသာ ဦးစားပေးရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းကို စီးပွားရေးလုပ်ငန်းရှင်များမှ သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ကြရန်၊ စားသုံးသူပြည်သူများ ထိခိုက်နစ်နာဆုံးရှုံစေမည့် ကုန်စည်များ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချခြင်းမျိုးကို ရှောင်ကြဉ်ရန်၊ လုပ်ငန်းရှင်တို့မှ အထူးသတိပြုလိုက်နာဆောင်ရွက်ရန်ကို အသိပညာပေးခဲ့ပြီး၊ ပန်းတနော်မြို့ စားသုံးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ၊ ကုန်အညွှန်းအမှတ်အသားပါဝင်သောကုန်စည်များ၊ ခွင့်ပြုချက်ရှိသော ကုန်စည်များကိုသာ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)