Main menu

ဓနုဖြူမြို့၌ စားသုံးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းသော တာဝန်ရှိသူများအဖွဲ့သည် (၁၂.၇.၂၀၂၃) ရက်နေ့ ၊နံနက် (၀၉:၄၀) အချိန်တွင် ဓနုဖြူမြို့ မြို့မဈေး၊ ဇကာကြီးဈေးရှိ စားသုံးဆီရောင်းချနေသော စားသောက်ကုန်စုံဆိုင်(၁၂)သို့ သွားရောက်၍ ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ဘေးအန္တရာယ်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပါဝင်မှု ရှိ/မရှိတို့ကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်လံစစ်ဆေးခဲ့ကြပါသည်။

    အဆိုပါစစ်ဆေးဆောင်ရွက်မှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် ဦးစီးအရာရှိ ဦးဝင်းမင်းစိုးက စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဒေသတွင်း အသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့် စပ်လျဉ်း၍ ယခုကဲ့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိပညာပေးခြင်း၊ဟောပြောခြင်း၊ အပတ်စဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း ကုန်စုံဆိုင်လုပ်ငန်းရှင်များကို အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)