Main menu

ဘားအံမြို့၊ အမှတ် ၄ ရပ်ကွက် ဟင်္သာကုန်း အ-မ-က (၁၁) တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးပါဝန်ထမ်းများသည် ၁၄-၇-၂၀၂၃ ရက်နေ့၊နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့ အမှတ် ၅ ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း အ-မ-က (၁၁)၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပါသည်။

    အဆိုပါအသိပညာပေး ဟောပြောပွဲတွင်  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုဦးစီးမှူ ဒေါ်အိထက်စံက အစားအသောက်များတွင် အသုံးပြုသည့် ဆိုးဆေးအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်က စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းသိကောင်းစရာများနှင့် စားသောက်ကုန်များအား ကလေးများ စနစ်တကျ ရွေးချယ်ဝယ်ယူစားသုံးတတ်စေရန် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် အသေးစိတ်ဖော်ပြရမည့်အချက်များကို နမူနာမုန့်ထုပ်များဖြင့် လက်တွေ့သရုပ်ပြရှင်းလင်းကာ အသိပညာပေး ဟောပြောခဲ့ကြပြီး တက်ရောက်လာသူ ကျောင်းသူ/ကျောင်းသားများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြ၍ ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

       ဟောပြောပွဲတွင် Grade 3, Grade 4, 5  မှ ကျောင်းသား/ကျောင်းသူ ၉၃ ဦးနှင့် ဆရာ/ဆရာမ ၈ ဦး ၊စုစုပေါင်း ၁၀၁ ဦးတက်ရောက်ခဲ့ကြပြီး ဟောပြောပွဲကို (၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။

DOCA(ကရင်)