
ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင် ဂွမြို့နယ်တာဝန်ခံ ဒေါ်မာမာလေး(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျောင်းသား/သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော အစားအစာများရွေးချယ်ဝယ်ယူစားသုံးနိုင်စေရန်အတွက် ဂွမြို့၊ ရွာမရပ်ကွက်၊ အ.မ.က (မူလွန်) ကျောင်းသို့ သွားရောက်၍ ကျောင်းသား/ ကျောင်းသူ (၂၇) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မာမာလေး (ဒု-ဦးစီးမှူး)က စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံကို အကျဉ်းချုပ် ရှင်းလင်းပြောကြားပြီးနောက် ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ချပြဆွေးနွေးပေးခဲ့ပါကြောင်း၊ ကျောင်းသား/သူများသည် နိုင်ငံအတွက် အနာဂတ်မျိုးဆက်သစ်လူငယ်များဖြစ်သည့်အတွက် ကျန်းမာစွာဖြင့် ပညာသင်ယူနိုင်ရန်လိုအပ်ပါကြောင်း၊ ကျန်းမာဖို့အတွက် မိမိတို့ နေ့စဉ်စားသောက်နေသည့် အစားအစာများသည် ဘေးအန္တရာယ်ကင်းရှင်းပြီး သန့်ရှင်းလတ်ဆတ်သော အစားအစာများ ရွေးချယ်ဝယ်ယူ စားသုံးနိုင်ရန်လိုအပ်ပါကြောင်းနှင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူ အသုံးပြုရာတွင်လည်း သိရှိလိုသည့် သတင်းအချက်အလက်များကို စီးပွားရေးလုပ်ငန်းရှင်များသို့ မေးမြန်းပြီးမှ ဝယ်ယူသုံးစွဲကြရန်ဖြစ်ကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုရာတွင်လည်း ကုန်အညွှန်း အမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူအသုံးပြုကြရန်ဖြစ်ကြောင်းနှင့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက စားသုံးသူ ရေးရာဦးစီးဌာသို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့် ရှင်းလင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရခိုင်)