Main menu

ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ကုန်မျိုးစုံ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ရခိုင်ပြည်နယ် စစ်တွေခရိုင် ပုဏ္ဏားကျွန်းမြို့နယ်အနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိရာတွင် ပုဏ္ဏားကျွန်း မြို့နယ်တာဝန်ခံ ဦးလှမောင်အေး(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ မြို့မဈေး၊ စံပြရပ်ကွက်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပြည့်စုံမှု ရှိ/မရှိ၊ သက်တမ်းလွန် ကုန်စည်များ ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် ဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေလုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့် ဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအကြောင်းကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များအား ဆိုင်ရှင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)