Main menu

ဗန်းမော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၁၄.၇.၂၀၂၃ရက်နေ့၊နံနက်  (၀၉း၃၀) နာရီအချိန်၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်တံခွန်ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ဒေါ်နှောင်းနှောင်းဝင်း၊ ဒု-ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ ပေါ်ပေါက်လာပုံ သမိုင်းကြောင်း၊ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များကိုလည်းကောင်း၊ ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များကိုလည်းကောင်းနှင့် ကျောင်းသားကျောင်းသူများအနေဖြင့် အသင့်စားမုန့်အမျိုးမျိူးတို့ကို ဝယ်ယူစားသုံးရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်မှုရှိသော အစားအသောက်များကိုသာ    ရွေးချယ်စားသောက်ကြရန်လည်းကောင်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို အဓိကဖတ်ရှုကြရန်လည်းကောင်း နမူနာပစ္စည်းများဖြင့် ပြသရှင်းလင်းဟောပြောပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီးနောက် ဆရာ/ဆရာမ(၂၀)ဦး၊ ကျောင်းသူကျောင်းသား (၁၉၀)ဦး ၊စုစုပေါင်း (၂၁၀) ဦး တက်‌ရောက်ခဲ့ပါသည်။

DOCA(ကချင်)