Main menu

ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် အပတ်စဉ် သန့်ရှင်းရေးပြုလုပ်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊  ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၄-၇-၂၀၂၃ ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ် ဦးစီးမှူးရုံးဝန်းအတွင်း/အပြင် သန့်ရှင်းရေးပြုလုပ် ရှင်းလင်းခဲ့ကြောင်း သိရသည်။

  ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ လှဲကျင်းစွန့်ပစ်ခြင်း၊  အုတ်ကန်၊ ရေကန်နှင့် ကာတာယာအဟောင်းများတွင် ခြင်နှင့် ပိုးမွှားများ ခိုအောင်းမှု မရှိစေရေးအတွက် အဘိတ်ဆေးခပ်ခြင်း၊ ဖုံး/သွန်/စစ်/လဲ လုပ်ငန်းများကို  ဆောင်ရွက်ခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် အပတ်စဉ်သောကြာနေ့တိုင်း ဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေး ပြုလုပ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)