Main menu

ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်း ဖွင့်လှစ်

Powered by Drupal

  ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် အသေးစား၊ အငယ်စား၊အလတ်စား(SME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေရန်နှင့် တစ်ပိုင်တစ်နိုင်အိမ်တွင်းမှု သက်မွေးလုပ်ငန်းများ တိုးတက် ဖြစ်ပေါ်လာစေရန်တို့အတွက် သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည် နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့်‌ စားသုံးသူရေးရာဦးစီးဌာန ကရင်ပြည်နယ် ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ၁၇-၇-၂၀၂၃ ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ သင်တန်းဖွင့်လှစ်ခဲ့ပါသည်။

 အခမ်းအနားတွင် ကရင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ခန့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ခန်းစာဘာသာရပ်ဆိုင်ရာများကို မိတ်ဆက်ပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးမှူး ဦးသန်းဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြား၍ အခမ်းအနားကို ဖွင့်လှစ်ကာ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

    ယခုဖွင့်လှစ်သောသင်တန်းတွင် လူသုံးကုန်များဖြစ်သည့် ပန်းကန်ဆေးဆပ်ပြာဆီ၊ အဝတ်လျှော်ဆပ်ပြာဆီ၊ ဘက်စုံသုံးဆပ်ပြာဆီ၊ ရေချိုးဆပ်ပြာဆီ၊ခေါင်းလျှော်ရည်၊ Body Scrub၊ မျက်နှာ သစ် ဆပ်ပြာခဲ၊ Hand Gel/ Spray တို့ကို စီးပွားဖြစ်ထုတ်လုပ်နိုင်စေရေးအတွက် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကြေးနှင့် သင်တန်းသုံးအထောက်အကူပြု ပစ္စည်းများကို အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလအား ၁၇-၇-၂၀၂၃ မှ ၂၁-၇-၂၀၂၃ ရက်နေ့ထိ ၄ ရက် ပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် ဌာနဆိုင်ရာများ၊ ပြင်ပမှ စိတ်ဝင်စားသော ပုဂ္ဂိုလ်များ စုစုပေါင်း သင်တန်းသား/ သင်တန်းသူ ၁၉ ဦးတက်ရောက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)