Main menu

ဘားအံမြို့၊ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းကျန်းမာရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်သည် ဘားအံမြို့နယ် ကျောင်းကျန်းမာရေးအဖွဲ့များနှင့် ပေါင်းစပ်၍ ၁၇-၇-၂၀၂၃ ရက်နေ့၊နံနက်(၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့၊အမှတ် ၉ ရပ်ကွက်၊ အခြေခံပညာ မူလတန်းလွန် အ-မ-က (၁၂) ကျောင်းရှိ ကျောင်းသူ / ကျောင်းသားများကို ကျောင်းအစည်းအ‌ဝေးခန်းမ၌ ကျောင်းကျန်းမာရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ  ဆောင်ရွက်ခဲ့ပါသည်။

     စားသုံးသူရေးရာဦးစီးဌာန ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်က စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ကျောင်းသား/ ကျောင်းသူများအနေဖြင့် အစားအသောက်များဝယ်ယူစားသုံးရာတွင် စနစ်တကျ ရွေးချယ်ဝယ်ယူ စားသုံးတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားတွင် မြန်မာလိုအသေးစိတ် ဖော်ပြရမည့်အချက်များကို နမူနာမုန့်ထုပ်များဖြင့် လက်တွေ့သရုပ်ပြ ရှင်းလင်းဆွေးနွေးခြင်းဖြင့်လည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်အိသက်စံ ဒုဦးစီးမှူးမှ အစားအသောက်များတွင် တားမြစ်ထားသည့် ဆိုးဆေးများအကြောင်းကိုလည်းကောင်း ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ကျန်းမာရေးဆိုင်ရာ အလေ့အထကောင်းများကိုလည်းကောင်း အသီးသီးအသိပညာပေးခဲ့ကြသည်။

     ဟောပြောပွဲတွင် Grade 5 , Grade 6 , Gမှ ကျောင်းသား/ကျောင်းသူ ၇၀ ဦးနှင့် ဆရာ/ဆရာမ ၅ ဦး ၊ စုစုပေါင်း  ၇၅ ဦး တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲကို နံနက် (၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(ကရင်)