၂၀၂၃ ၊ ဇူလိုင်လ ၁၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက် (အ.လ.က) ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးနှင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အာဇာနည်နေ့အကြိုဟောပြောပွဲနှင့် စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက အာဇာနည်ခေါင်းဆောင်ကြီးများ၏ လေးစားအတုယူဖွယ်ရာများအကြောင်း၊ စာကြည့်တိုက်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အိမွန်ကျော် အငယ်တန်းစာရေးက စားသုံးသူအခွင့်အရေး(၈)ချက်နှင့်ပတ်သက်၍ အကျယ်တဝင့်ဟောပြောဆွေးနွေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသည့် ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးခြင်းနှင့် ရွေးချယ်ဝယ်ယူသုံးစွဲခြင်း စသည်တို့ကို ဟောပြောခဲ့သည်။
ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ ဌာန၏မျှော်မှန်းချက်၊ အကောင်အထည်ဖော်ဆောင်ရွက်နေ သည့်လုပ်ငန်းများ၊ ကုန်အညွှန်းအမှတ်အသားအကြောင်းနှင့် Onlineအသုံးပြုမှု ဘေးအန္တရာယ်များ အကြောင်း၊ ဌာန၏ Website အကြောင်း၊ Facebook Page နှင့် Consumer Call Center (1535) တို့ကို အသုံးပြုနိုင်သည့်နည်းလမ်းများ စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ဆရာ/ဆရာမနှင့် ကျောင်းသား /ကျောင်းသူ (၁၇၀)ဦးတို့အား စားသုံးသူကာကွယ်ရေးအကြောင်းသိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)