Main menu

သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးနွေးနွေးခြင်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီးအရှေ့ ညောင်လေးပင်ခရိုင်၊ညောင်လေးပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ (၂၇.၆.၂၀၂၃ မှ ၅.၇.၂၀၂၃) ရက်နေ့အထိ ဖွင့်လှစ်သည့်  သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးအောင်သိုက်မှ (၅.၇.၂၀၂၃)ရက်နေ့တွင် စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများအား သင်ကြားပို့ချပေးခဲ့ပါသည်။

     အဆိုပါ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် တက်ရောက်လျက်ရှိသော သင်တန်းသူ၊ သင်တန်းသားများအား ပထမဦးစွာ စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဝေငှ၍ သင်တန်းသူများနှင့် မိတ်ဆက်ပြီး စားသုံးသူများ၏အခွင့်အရေး နှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ၂၀၁၉ခုနှစ် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်များဖြစ်သော ကုန်စည်အုပ်စုအလိုက် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြရမည့် အသေးစိတ်အချက်အလက်များ ရှင်းလင်း‌ဆွေးနွေးခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ ပျက်ကွက်ပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရနိုင်ပါကြောင်း၊ ၂၀၁၉ခုနှစ် စားသုံးသူကာကွယ်ရေး ဥပဒေ ပြဌာန်းချက်ပါ တားမြစ်ချက်များ၊  ပြစ်မှု ပြစ်ဒါဏ်များ အစရှိသည့် ဥပဒေအကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)