ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်းသည် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူလတ်၊ ဦးစီးမှူး ဒေါ်မိုးမိုးခိုင်နှင့် ပုသိမ်မြို့နယ်တာဝန်ခံ ဦးဝင်းမြင့်တို့နှင့်အတူ ဇူလိုင်လ(၁၄)ရက်နေ့တွင် ပုသိမ်မြို့ပေါ်ရှိ အများပြည်သူဝယ်ယူသုံးစွဲ လျက်ရှိသော Ocean Super Center သို့သွားရောက်၍ စားသုံးသူပြည်သူများအား ဘေးကင်းလုံခြုံမှုရှိသော ကုန်စည်၊ ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ကုန်တိုက်တွင် ရောင်းချနေသော အလှကုန်၊ ဆေးဝါးများစားသောက်ကုန်များ၊ စက်ဆီချောဆီများအား သက်ဆိုင်ရာဌာနမှ ထောက်ခံချက်ရှိ/မရှိ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းပါသည်၊၊
DOCA(ဧရာဝတီ)