Main menu

ခနောင်ရိုက်ကျေးရွာ ငွေလမင်းဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၁၄.၇.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် ဓနုဖြူမြို့ ခနောင်ရိုက်ကျေးရွာရှိ ငွေလမင်းဆန်စက်သို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

       ဓနုဖြူမြို့နယ်ဦးစီးမှူးက ခနောင်ရိုက်ကျေးရွာရှိ ဦးကျော်စိုး၏ ငွေလမင်း ဆန်စက်သို့  သွားရောက်၍ ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံကာ ဆန်စက်လည်ပတ်ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့် ကို စစ်ဆေးကြည့်ရှုခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း၊ ဆန်စက်မှကြိတ်ခွဲထွက်ရှိလာသော ဆန်များကို ထုပ်ပိုးရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်စေရေးနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်း၊ စပါး/ဆန်ကြိတ်ခွဲမှု လုပ်ငန်းအခြေအနေများ၊ ဘုရင့်နောင် ဆန်ဈေးကွက်သို့ တင်ပို့မှုအခြေအနေများ၊ ဒေသတွင်း ဆန်ရောင်းချမှု ဈေးကွက်အခြေအနေများ၊ ဆန်စက်မှထွက်ရှိလာသော ဆန်များကို အရည်အသွေးမြင့်ကုန်စည် ထွက်ရှိစေရေးနှင့် လုပ်ငန်းရှင်တို့၏ ကုန်စည်အပေါ် အာမခံချက်ပေးနိုင်ခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ လုပ်ငန်းရှင်တို့လိုက်နာရမည့် တာဝန်များ၊ ဥပဒေပါ တားမြစ်ချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)