ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၄.၇.၂၀၂၃) ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်ရှိ ဦးအောင်မျိုးသိန်း ဆန်စက်သို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEဖွံ့ဖြိုးစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါကွင်းဆင်းမှုတွင် ပန်းတနော်မြို့နယ်ဦးစီးမှူး ဦးပိုးဖြူပိုင်မင်းက ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ၊ စပါး/ဆန် ရောင်းဝယ်ကြိတ်ခွဲမှုအခြေအနေ၊ ဆန်များ တင်ပို့ရောင်းချမှု ဈေးကွက်ဈေးနှုန်းအခြေအနေများ၊ ဆန်စက်လုပ်ငန်း အသုံးပြုစက်စွမ်းအား အခြေအနေများ၊ စပါးပေါ်ချိန်တွင် စပါးတောင်သူများ စပါးပေါက်ဈေးဖြင့် ဝယ်ယူကြိတ်ခွဲရောင်းချခြင်းနှင့် ဒေသခံတောင်သူများ အကျိုးအမြတ်ရရှိစေရေး သက်သာသောနှုန်းထားဖြင့် ကြိတ်ခွဲနိုင်ရေး ဆောင်ရွက်ခြင်းအခြေအနေများကို မေးမြန်းခဲ့ပြီး ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အကြံပြု ဆွေးနွေးခဲ့ပြီး (၂၀၁၉) စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များ၊ တားမြစ်ချက် များ၊ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း ကိစ္စရပ်များကို အသေးစိတ်ရှင်းလင်း ဆွေးနွေး၍ ဆန်စက်လုပ်ငန်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)