Main menu

ထောက်ရှာကုန်းကျေးရွာတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့ နယ်ဦးစီးမှူးရုံးသည် (၁၃.၇.၂၀၂၃)ရက်နေ့ (၁၄:၃၀)အချိန်တွင် ထောက်ရှာကုန်းကျေးရွာရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

       အဆိုပါဆွေးနွေပွဲတွင် ပန်းတနော်မြို့နယ်ဦးစီးမှူး ဦးပိုးဖြူပိုင်မင်းက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ တွင် စားသုံးသူကာကွယ်ရေး ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြား ကော်မရှင်နှင့် ကော်မတီ အဆင့်ဆင့်တို့က သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ဖြစ်ကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေး ဟောပြောပြီး၊  စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြား အငြင်းပွားမှုမဖြစ်ပေါ်စေရန် စားသုံးသူအခွင့်အရေးနှင့် တာဝန်များကို သိရှိလိုက်နာရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)