Main menu

ပြည်ခရိုင်အတွင်းရှိ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူများအား စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးပွဲ ဆောင်ရွက်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်း ဈေးကွက်များတွင် ရောင်းချနေသော ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်မှုရှိစေရေး ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ရည်ရွယ်၍ ပြည်ခရိုင်အတွင်း ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များအား ၂၀၂၃ခုနှစ်၊ဇူလိုင်လ (၅)ရက်နေ့၊ နေ့လယ်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

   ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏ အခွင့်အရေးများ စီးပွားရေးလုပ်ငန်းရှင်တို့လိုက်နာရမည့်  ပြဌာန်းချက်များ၊ ကုန်ပစ္စည်းများပေါ်တွင် ရေးသားဖေါ်ပြရမည့် ကုန်အညွှန်းအမှတ်အသား ရေးသားဖေါ်ပြခြင်းဆိုင်ရာအချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်တို့အကြောင်းအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်များမှလည်း သိရှိလိုသည်များအား ပြန်လည်မေးမြန်းခြင်းနှင့် ပြန်လည် ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။

   အဆိုပါ ဆွေးနွေးပွဲသို့ လုပ်ငန်းရှင် (၂၀)ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)