Main menu

မုံရွာမြို့၊ ဆီကုန်သည်များအသင်း၏ စားအုန်းဆီများရောင်းချပေးနေမှုကို ကွင်းဆင်းကြီးကြပ်

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့် ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့်စားသုံးဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့်ပြည်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်သောစားသုံးဆီများကိုသုံးစွဲနိုင်ရေးနှင့် စျေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ကမ္ဘာ့စားအုန်းဆီစျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် (၁၇-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရှိ ဝန်ထမ်းများအား ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသောစားအုန်းဆီများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းက စျေးကားဖြင့် စားအုန်းဆီ (၁) ပိဿာလျှင် (၄၇၀၀) ကျပ်၊ ဘူးခွံတစ်ဘူးလျှင် (၈၀၀) ကျပ်၊ စားအုန်းဆီ (၁) ပိဿာလျှင် (၅၅၀၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၁) ပိဿာနှုန်းရောင်းချပေးနေမှုအား မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းတို့က သွားရောက်ပူးပေါင်းကြီးကြပ်မှုများဆောင်ရွက်ခဲ့ပါသည်။

    ထို့သို့ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရာ၌ စားသုံးသူပြည်သူများအဆင်ပြေချောမွေ့စွာဝယ်ယူ နိုင်ရေး၊ စားအုန်းဆီစျေးနှုန်းများမှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေးနှင့် စနစ်တကျရှိစေရေးတို့အတွက် ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)