ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး ၊ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ကုန်စည်(၃)မျိုးဖြစ်သည့် စားသုံးဆီအမျိုးမျိုး၊ အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် ထိခိုက်နစ်နာလွယ်သော စားသုံးသူအုပ်စု (ကလေးများ)အတွက် ရည်ရွယ်ထုတ်လုပ်သည့် ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာအမျိုးမျိုးကို ဦးစားပေးရွေးချယ်ခဲ့ပြီး ဇူလိုင်လတွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် လမ်းညွှန်မှုအရ ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန လက်အောက်မြို့နယ်များရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
(၁၃-၇-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဆောင်သော စစ်ဆေးရေးအရာရှိများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များတွင်လည်းကောင်း ၊ (၁၄-၇-၂၀၂၃) ရက်နေ့တွင် တံတားဦးမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်များတွင်လည်းကောင်း စျေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီဘူးများပေါ်၌ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိခြင်းရှိ/မရှိနှင့် စားသုံးဆီနှင့် ပတ်သက်သည့်ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(မန္တလေး)