Main menu

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ စားသုံးသူရေးရာဦးစီးဌာနတွင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သိကောင်းစရာများ ဟောပြောဆွေးနွေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၃ခုနှစ်၊ဇူလိုင်လ(၁၄)ရက်နေ့၊ နံနက်(၁၀:ဝဝ)နာရီ တွင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဦးဆောင် ကျင်းပသော ရေသန့်၊ ရေခဲစက်နှင့် အအေးခန်းစက်ရုံသုံး အမိုးနီးယားဓာတ်ငွေ့များ လုပ်ငန်းခွင်သုံး ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အသုံးပြုမှုဆိုင်ရာ သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

    စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ၊ စက်မှုဝန်ကြီးဌာန၊ (ရုံးချုပ်)နေပြည်တော် ညွှန်ကြားရေးမှူးဦးအောင်ကိုစန်းမှ အဖွင့်အမှာစကားပြောကြား၍ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဦးမှ ပုဂ္ဂလိကစက်မှု မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စက်မှုဝန်ကြီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာပပစိုးမှ လုပ်ငန်းခွင်သုံး ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအသုံးပြုမှုဆိုင်ရာ အလုပ်ရှင်သိကောင်းစရာများကို အသေးစိတ် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်၊၊

       ဟောပြောပွဲသို့ တိုင်းအဆင့်ဌာနဆိုင်ရာ(၁၀)ဦး ၊ ဖိတ်ကြားထားသော လုပ်ငန်းရှင်(၁၀)ဦး စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ပြီး ဟောပြောပွဲကို နေ့လယ် ၁၂:၃၀ နာရီ တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်၊၊

DOCA(ဧရာဝတီ)