စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ရေလဲကလေးကျေးရွာရှိ သော်တာလင်းဆန်စက်သို့ မအူပင်မြို့နယ်ဦးစီးအရာရှိ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၇.၇.၂၀၂၃) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ဆန်စက်သို့ ကွင်းဆင်း၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး စစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့စစ်ဆေးရာတွင် မအူပင်မြို့နယ်ဦးစီးအရာရှိ ဦးအောင်ဇော်ဦးက သော်တာလင်းဆန်စက်သို့ သွားရောက်၍ ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံကာ ဆန်စက်လည်ပတ်နေမှု၊ ဆန်စက်အမျိုးအစားသုံးစွဲမှု၊ စပါး အခြောက်ခံစက်သုံးစွဲမှု၊ Gasifierသုံးစွဲမှုစနစ်နှင့် လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်တို့ကို စစ်ဆေးကြည့်ရှုခဲ့ပြီး ပို့ကုန်ကဏ္ဍတွင် ဆန်စပါးသည် အရေးပါသည့်အတွက် ပြည်ပနိုင်ငံများသို့ ဆန်/ဆန်ကွဲတင်ပို့ရာတွင် လိုက်နာရမည့် SPSဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခြင်း၊ Food Safety အရည်အသွေးမီသော ဆန်များရရှိစေရေး စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများကို စနစ်တကျ သိုလှောင်ထားရှိရန်ရှင်းလင်းခြင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈) ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း၊ ဆန်စက်မှ ကြိတ်ခွဲထွက်ရှိလာသော ဆန်များကို ထုတ်ပိုးရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်စေရေး၊ ဆန်စက်မှထွက်ရှိလာသော ဆန်များကို အရည်အသွေးမြင့်ကုန်စည်ထွက်ရှိစေရေးနှင့် လုပ်ငန်းရှင်တို့၏ ကုန်စည်အပေါ် အာမခံချက်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ လုပ်ငန်းရှင်တို့လိုက်နာရမည့် တာဝန်များ၊ ဥပဒေပါ တားမြစ်ချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)