ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်သည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ မအူပင်မြို့ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၂)၌ အသိပညာပေးဟောပြောပွဲကို (၁၄.၇.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် အထက်တန်းကျောင်းအုပ် ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များစာဖတ်ခြင်းအကျိုး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်းကို အသိပညာပေးခြင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားအဓိပ္ပာယ်နှင့် အားကစားအမျိုးအစားများ၊ အားကစားပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးခြင်း၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးအောင်ဇော်ဦးက စားသုံးသူများအနေဖြင့် သတိပြုလိုက်နာရမည့်အချက်များ၊ ဘေးအန္တရာယ်ရှိသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင် ဆိုသည်မှာ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက စားသုံးရန် သို့မဟုတ် အသုံးပြုရန်မသင့်ဟု သတ်မှတ်ထုတ်ပြန်ထားသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဆိုလိုကြောင်း၊ ထို့ကြောင့် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြပါဝင်သော ကုန်စည်များကို ဦးစားပေးဝယ်ယူ သုံးစွဲကြရန် စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှံးမှုများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမ (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)