
ရခိုင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊စစ်တွေခရိုင် ဦးစီးမှူးဦးမောင်လှဝင်း (ဦးစီးအရာရှိ) နှင့်ဝန်ထမ်းများသည် (၁၈.၇.၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စစ်တွေမြို့ပေါ်ရှိ ဆေး မျိုးစုံရောင်းချသည့်ဆိုင်များကို မိတ်ဖက်ဌာနများဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စစ်တွေမြို့ပေါ်ရှိ ဆေးအမျိုးမျိုးရောင်းချနေသော ဆေးဆိုင်များအား ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည့် ကုန်စည်များကိုရောင်းချနေကြောင်းနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ထားသော ဆေးဝါးများကို ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆက်လက်၍ ဆေးဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက် ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ဆေးဝါးများကို မရောင်းချရန်၊ ဌာနများ၏တားမြစ်ကုန်စည်များကိုလည်း မရောင်းချရန်နှင့် သတ်မှတ်ချက်စည်းကမ်းများဖြင့် မကိုက်ညီသော ကုန်စည်များကို ရောင်းချခြင်းတွေ့ရှိပါက အရေးယူဆောင်ရွက်ခြင်း၊ ပြစ်ဒဏ်များ ခံရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရခိုင်)