
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၁၇.၇.၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ မရမ်းကုန်းရပ်ကွက်၊ မုပွန်ရပ်ကွက်၊ မောင်ငံအလယ်တန်းရပ်ကွက်တို့တွင် လည်းကောင်း၊ ၁၈.၇.၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့နယ် အောင်သုခရပ်ကွက်၊ မြေနီကုန်းရပ်ကွက်၊ ကျောက်တန်းရပ်ကွက်တို့တွင်လည်းကောင်း၊ ၁၉.၇.၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့နယ် တောင်ဝိုင်းရပ်ကွက်၊ မြိုင်သာယာရပ်ကွက်၊ အောင်တော်မူရပ်ကွက်တို့တွင်လည်းကောင်း၊ ၂၀.၇.၂၀၂၃ ရက်နေ့တွင် ကွမ်တာကျေးရွာ၊ ကော့ခိုက်ကျေးရွာ၊ တာပတွန်ကျေးရွာတို့တွင်လည်းကောင်း၊ ၂၁.၇.၂၀၂၃ ရက်နေ့တွင် ကြက်သွန်ကုန်းကျေးရွာ၊ ကျိုက်မရောဘုရားရှေ့၊ ဘာဘူကုန်းကျေးရွာ တို့တွင်လည်းကောင်း ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများကို ဈေးကွက်အတွင်း လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်းအား ကြပ်မတ်ဆောင်ရွက်ခဲ့ပြီး ၂၂.၇.၂၀၂၃ ရက်နေ့နှင့် ၂၃.၇.၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့နယ် အခွန်လွတ်ဈေးတွင် ထပ်မံရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စားအုန်းဆီတင်သွင်းသည့် ကုမွဏီများမှ လက်ကားကုန်သည်များထံသို့ ဖြန့်ဖြူးပေးသည့် စားအုန်းဆီများကို ရည်ညွှန်းလက်ကားဈေးအပေါ်တွင် သယ်ယူစရိတ် ထပ်ပေါင်းထည့်ကာ အမြတ် ၂ ရာခိုင်နှုန်း ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရမည်ဖြစ်ရာ လက်လီဈေးကွက်အတွင်း သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှု မရှိစေရေးတို့အတွက် ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)