Main menu

ချောက်မြို့မစျေး၌ ပလတ်စတစ်လျှော့ချရေးနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်း စစ်ဆေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ ပလတ်စတစ်လျှော့ချရေးနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် (၁၇.၇.၂၀၂၃)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

  ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးဇော်မျိူးဆွေ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်လတ်လတ်ဌေးနှင့် ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် ဒု-ဦးစီးမှူး ဒေါ်ချိုဝေလွင်တို့ ပူးပေါင်း၍ ချောက် မြို့မစျေးတွင် တနင်္လာနေ့တိုင်း မြို့မစျေးအတွင်းနှင့် အပြင်တွင် ပလတ်စတစ်အိတ် မသုံးစွဲရဟု သတ်မှတ်ထားရှိပြီး ပလတ်စတစ်အိတ်အစား အင်ဖတ်၊ ငှက်ပျောဖတ်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုပ်ပိုးသုံးစွဲစေရေးအတွက် လိုက်လံကွင်းဆင်းစစ်ဆေးပြီး စားသုံးဆီအမျိုးမျိုးရောင်းချသော စျေးသည်များနှင့် တွေ့ဆုံကာ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)အခန်း(၁၈)၊ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ (ခ)၊ (ဆ)ပါ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်ဖော်ပြရန်၊ မြန်မာဘာသာဖြင့်မဖြစ်မနေ  ပါဝင်ဖော်ပြထားသည့် ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးဆီအမျိုးမျိုးထုတ်လုပ်ရောင်းချဖြန့်ဖြူးသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များစသည်တို့ကို အသိပညာပေးရှင်းလင်းခဲ့ပါသည်။

    ထို့နောက် မြို့မစျေးကြီးရှိ အများသုံးသန့်စင်ခန်းရှိ ရေလှောင်ကန်များ၌ အဘိတ်ဆေးခတ်ခြင်း၊ စျေးမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စျေးအတွင်းရှိ မီးလောင်လွယ်ကူသော ဂျပ်ဖာ၊ ကတ်ထူစက္ကူ၊ မိုးကာအစုတ်အပြဲများ၊ ဆိုင်အမိုးပေါ်ရှိ သစ်ရွက်ခြောက် အမှိုက်များရှင်းလင်းဆောင်ရွက်ခြင်းတို့အပြင် မြို့မစျေးကြီး၏ မီးငြိမ်းသတ်စက်များဖြင့် စက်အသင့်၊ လူအသင့်၊ ရေအသင့်၊ စက်သုံးဆီ အသင့်ထားရှိဆောင်ရွက်မှုများကိုပါ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)