Main menu

ကံမမြို့နယ်တွင် မြေပဲဆားလှော်လုပ်ငန်းရှင်အား ကုန်အညွှန်း အမှတ်အသားပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြစေရေး အသိပညာပေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်မှ ကံမမြို့နယ်တာဝန်ခံ၊ ဒု-ဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းနှင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်လာစေရန် ရည်ရွယ်၍ (၂၂-၇-၂၀၂၃)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် ကံမမြို့နယ်၊ ကြို့ပင်တိုက်နယ်၊ ကြို့ပင်ကျေးရွာရှိ “မဒေး” အမှတ်တံဆိပ် မြေပဲဆားလှော်လုပ်ငန်းရှင် ဦးမြသိန်းထံသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြလာစေရေးအတွက် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

       ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းနှင့် ဈေးကွက်အတွင်းရှိ မိမိထုတ်လုပ်သော ထုတ်ကုန်များသည် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းစေပြီး သတင်းအချက်အလက်များ ပြည့်စုံစွာထည့်သွင်းခြင်း တို့ကြောင့် စားသုံးသူများသည် ထုတ်လုပ်သူများအပေါ်ယုံကြည်လာပြီး စီးပွားရေးအကျိုးများ ပိုမိုဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉)ပါ ကုန်စည်အုပ်စု (၈) ခုတွင်ပါရှိသည့် အမှတ်စဉ်(က)ရှိ အစားအသောက်များတွင် မြန်မာဘာသာဖြင့်မဖြစ်မနေ ကုန်အညွှန်းအမှတ်အသား ထည့်သွင်းဖော်ပြလာခြင်းသည် ထုတ်လုပ်သူ၏တာဝန်သာဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိကို မိမိတို့ခရိုင်နှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များ ပြုလုပ်ဆောင်ရွက်ထားရှိရန်လိုအပ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း တွေ့ရှိပါက အရေးယူဆောင်ရွက်မှုများရှိလာမည် ဖြစ်ပါကြောင်း၊ ဒု-ကြီးကြပ်ရေးမှူး ဦးကျော်ရွှေက ဥပဒေပြဌာန်းထားသည့် တားမြစ်ချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းများကို အသေးစိတ် အသိပညာပေးဆွေးနွေးပြီး ကုန်အမှတ်တံဆိပ်နမူနာ(၄)ခုစီအားရယူ၍ မိမိတို့ဌာနမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေး ပြောကြားပြီး ဥပဒေလက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပါသည်။

DOCA(မကွေး)