Main menu

ပန်းတနော်သင်ဖျာလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် သောင်တန်းကျေးရွာ သင်ဖျာလုပ်ငန်းရှင် (၇)ဦး အား စားသုံးကာကွယ်ရေးသိကောင်းစရာများအကြောင်းကို (၂၁.၇.၂၀၂၃) ရက်နေ့ ၊(၁၀:၀၀)နာရီအချိန်တွင် အသိပညာပေးခဲ့ပါသည်။

     ပန်းတနော်မြို့နယ်တာဝန်ခံ ဦးပိုးဖြူပိုင်မင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်းဆွေးနွေးခဲ့ပြီးနောက် သင်ဖျာလုပ်ငန်းရှင်များ လုပ်ကိုင်ဆောင်ရွက်နေသော သင်ဖျာစိုက်ပျိုးယက်လုပ်မှုအကြောင်းကို မေးမြန်းဆွေးနွေးခဲ့ရာ သင်ဖြူးဖျာလုပ်ငန်းသည် ပန်းတနော်မြို့နယ်အနီးတဝိုက် မိရိုးဖလာလက်မှုလုပ်ငန်းတစ်ခုလိုဖြစ်နေ၍ အားလုံးနီးပါး လုပ်ကိုင်ကာ ပန်းတနော်ကားလမ်းဘေးတွင် သင်ဖြူးဖျာနှင့်ပတ်သက်၍ အသုံးအဆောင်များကို ရောင်းချလျက်ရှိကြောင်း၊ သင်ပင်ကိုလွှာပြီး ရက်လုပ်ထားသော သင်ဖြူးဖျာသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး အေးမြမှုကိုခံစားရရှိ၍ နွေရာသီကာလတွင် သင်ဖြူးဖျာနှင့် အိပ်စက်ခြင်းသည် အကောင်းဆုံးဖြစ်၍ အရောင်းအဝယ်သည်လည်း နွေရာသီတွင် ပိုမိုရောင်းချရပါကြောင်း၊ သင်ဖြူးဖျားများကို ရန်ကုန်၊ မန္တလေးနှင့် အခြားနယ်စပ်မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း ယခုမိုးတွင်းကာလတွင် အနည်းငယ် ဝယ်လိုအားနည်းပါးကြောင်း၊ လုပ်ငန်းရှင်များကို ဌာနအနေဖြင့် နည်းပညာပံ့ပိုးမှုလိုအပ်ပါက ဌာနမှ လိုအပ်သည်များကို ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်များမှ ထုတ်လုပ်သောကုန်စည်များ အရည်အသွေးမြင့်မားစေရေးနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သည့် အချက်အလက်များအကြောင်း၊ လုပ်ငန်းရှင်များသိရှိနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားသည့် လုပ်ငန်းများကိုလည်း မှတ်ပုံတင်လျှောက် ထားရရှိရမည်ဖြစ်ပြီး အမိန်ကြော်ငြာစာထုတ်ပြန်ပြီး ခြောက်လပြည့်သည့်နေ့မှစ၍ မှတ်ပုံတင်မရှိပဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းမျိုးတွေ့ရှိပါက အ‌ရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်းကို အသိပညာပေး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရပါသည်။  

DOCA(ဧရာဝတီ)