Main menu

ဘိုကလေးမြို့ငရုတ်ကောင်းကျေးရွာရှိ လူမွန်ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEsလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်  ဝန်ထမ်းတို့သည်၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ငရုတ်ကောင်းကျေးရွာရှိ လူမွန်ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEsလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

 ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆန်စပါးဈေးကွက်အခြေအနေများ တည်ငြိမ်မှုရှိစေရေး၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး၊ ဆန်စပါးအရည်အသွေးထုတ်လုပ်မှုပြည့်မီစေရေး၊ အချိန်အတွယ်ပြည့်မီစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEsလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးတို့အတွက်    ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ခြင်း၊ ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်လေ အလုပ်သမားမိသားစုများအတွက် စားဝတ်နေရေး ပြေလည်စေနိုင်ခြင်း၊ စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်၍ စနစ်တကျစွန့်ပစ်နိုင်ခြင်းစသည့် အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)