Main menu

ဖျာပုံမြို့(၉)ရက်ကွက်ရှိ TTA ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ကျန်မာရေးဦးစီးဌာနတို့   ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဖျာပုံမြို့(၉)ရက်ကွက်ရှိ TTA ကိုယ်ပိုင်အထက်တန်းကျောင်းရှိ ကျောင်းသား / ကျောင်းသူများကို စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ဒုတိယ-ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်  အခွင်အ‌ရေးများ၊  လုပ်ငန်းရှင်များမှ မိမိတို့ဖြန့်ဖြူးသော  ကုန်စည်များ၏ တာဝန်ယူမှု၊ အာမခံချက်များအကြောင်း၊ ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော  ကုန်စည်၊ ဝန်ဆောင်မှုများကို မည်သို့ရွေးချယ်ဝယ်ယူရမည် ဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပြီး မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များ၏တာဝန်များကို သိရှိလိုက်နာကြရန်ဖြစ်ကြောင်း၊ သတ်မှတ်ထားသော ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဌာနများမှ စားသုံးရန်မသင့်ဟု တားမြစ်ထားသော ကုန်စည်များရောင်းချခြင်းမပြုရန်ဖြစ်ကြောင်း၊  စားသုံးသူကာကွယ်ရေး ဥပ‌ဒေပါပြဌာန်းချက်များကို လိုက်နာမှုမရှိပါက အ‌ရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ပြောကြားခဲ့ပြီး   ကျန်းမာရေးဌာနနှင့်ပူပေါင်း၍ ကျောင်းမုန့်ဈေးတန်းတွင် ကျန်းမာရေးနှင့်မကိုက်ညီသော အစားအစာများ ရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဆရာ/ဆရာမ( ၂၀ )ဦး၊ ကျောင်းသား / ကျောင်းသူ(၁၅၀)ဦး စုစုပေါင်း (၁၇၀)ဦးတို့   တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)