Main menu

ဖျာပုံမြို့(၅)လမ်းရှိ အ.မ.က(၅)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာ‌ပေးဟောပြော

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ကျန်မာရေးဦးစီးဌာနတို့   ပူးပေါင်း၍၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အ.မ.က(၅)ကျောင်းတွင် ကျောင်းသား / ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာ‌ပေး ဟောပြောကာ     ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

      အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း ( ၁၈ ) ပုဒ်မ(၄၁)(၄၃) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများနှင့် စပ်လျဥ်း၍  ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များကို သိရှိရမည်ဖြစ်ကြောင်း၊ စားသုံးသူများ နစ်နာမှုဖြစ်ပေါ်လာပါက တိုင်ကြားခွင့်စင်တာများ ဖွင့်ထားကြောင်း Call Center (1535) မှလည်းတိုင်ကြားနိုင်ကြောင်းတို့ကို ပြောကြားခဲ့ပြီးနောက် ကျန်းမာရေးဌာနနှင့် ပူပေါင်း၍ ကျောင်းမုန့်ဈေးတန်းတွင် ကျန်းမာရေးနှင့် မကိုက်ညီသောအစားအစာများ ရောင်းချခြင်းရှိ / မရှိတို့ကို စစ်ဆေးခဲ့ပါသည်။အဆိုပါအခမ်းအနားသို့ ဆရာ/ဆရာမ(၁၁)ဦး၊ ကျောင်းသား / ကျောင်းသူ(၁၃၆)ဦး စုစုပေါင်း(၁၄၇)ဦး   တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)