ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ် သံဖြူရုံကျေးရွာသူရိန်ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစိစစ်ခဲ့ရာတွင် ယခုဖြစ်ပေါ်နေသော ဆန်စပါးဈေးနှုန်း ဈေးကွက်အခြေအနေများ၊ ကြိတ်ခွဲထုတ်လုပ်မှုတွင် ခေတ်မီစက်ကိရိယာများ တပ်ဆင်ထားရှိမှုအခြေအနေများ၊ စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်၍ စနစ်တကျစွန့်ပစ်နိုင်ခြင်း ရှိ / မရှိ အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)