Main menu

စားသုံးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူများသည် (၁၈.၇.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် မအူပင်မြို့ မြို့မဈေး၊ မင်္ဂလာဈေး၊ ၃လမ်းဈေးရှိ စားသုံးဆီ ရောင်းချနေသော စားသောက်ကုန်စုံဆိုင်(၉)သို့ သွားရောက်၍ ရောင်းချနေသော စားသုံးဆီ အမျိုးမျိုးတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပါဝင်မှု ရှိ/မရှိတို့ကို စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်အညီ လိုက်လံစစ်ဆေးခဲ့ကြပါသည်။

     အဆိုပါစစ်ဆေးဆောင်ရွက်မှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်မှ ဦးစီးအရာရှိ ဦးအောင်ဇော်ဦးက စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဒေသတွင်း အသုံးပြုလျက်ရှိသည့် စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြပါဝင်ခြင်းရှိ/ မရှိ စစ်ဆေးရန်အတွက် ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်များကိုသိရှိစေရေးအတွက် လုပ်ငန်းရှင်များကိုအသိပညာပေးခြင်းနှင့် အပတ်စဉ် အလိုက်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ထိုနည်းတူစွာ ဓနုဖြူမြို့နယ် မြို့နယ်ဦးစီးအရာရှိ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည်လည်း ဓနုဖြူမြို့နယ်အတွင်းရှိ စားသုံးဆီဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများကို စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြပါဝင်ခြင်း ရှိ/ မရှိတို့ကို လိုက်လံစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)