ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အင်းမကျေးရွာ အ.ထ.က ကျောင်းတွင် လူငယ်အသိပညာပေးခြင်း၊ စားသုံးကာကွယ်ရေးသိကောင်းစရာများအကြောင်းကို (၂၀.၇.၂၀၂၃) ရက်နေ့ နံနက် (၀၉:၀၀)အချိန် မှ (၁၂:၀၀)အချိန် ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ (၁၂၀)ဦး ကို အသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပခဲ့ကြပါသည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လူငယ်များစာပေဖတ်ရှုခြင်းအကျိုးကျေးဇူးများ၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို လည်းကောင်း၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူက လူငယ်အားကစား၊ အားကစားနှင့် ခန္ဓာကိုယ်အတွက် ကျန်းမာခြင်း အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးပိုးဖြူပိုင်မင်းက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူအခွင့်အရေး၊ လိုက်နာရမည့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်အမှတ်မသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကုန်စည်များတွင် ဖော်ပြရမည့်အချက်အလက်များအကြောင်းကိုလည်းကောင်း၊ စားသုံးသူ၏ အခွင့်အရေး (၈)ချက်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲရာတွင် စားသုံးသူအခွင့်အရေး အမှန်တကယ်နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သော နည်းလမ်းများ၊ Consumer Call Center 1535 သို့ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ကြောင်းအသိပညာပေးဟောပြောခဲ့ရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်တစား မေးမြန်းခဲ့ကြပါသည်။ ဆက်လက်၍ စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)