ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းရှာကုန်း(အ.ထ.က) ၌ စားသုံးသူအသိပညာပေးဟောပြောပွဲကို (၂၀.၇.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များအကြောင်း၊ စားသုံးသူအခွင့်အရေးများ၊ စားသုံးသူသတိပြုလိုက်နာရမည့်တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုတို့၏ အဓိပ္ပါယ်အကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များအကြောင်းကို ကျောင်းသား/သူများ သိရှိနားလည်ရန် ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းခဲ့ပါသည်။
ဆက်လက်၍ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော မုန့်များကိုလည်း စစ်ဆေးခဲ့ပြီး ဘေးအန္တရာယ်ရှိသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင် ဆိုသည်မှာ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်ဟု သတ်မှတ်ထုတ်ပြန်ထားသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဆိုလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြပါဝင်သော ကုန်စည်များကို ရွေးချယ်ဝယ်ယူ သုံးစွဲကြရန်နှင့် စားသုံးသူပြည်သူများအနေဖြင့် ကုန်စည် နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှံးမှုများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးခဲ့ပြီး မုန့်ဈေးတန်းမှ မုန့်ဆိုင် (၆)ဆိုင်အား စစ်ဆေးခဲ့သည်။
ဟောပြောပွဲကို ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမ (၁၅၀)ဦး တက်ရောက်ခဲ့ ကြောင်းသိရသည်။
DOCA(ဧရာဝတီ)