စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် (မိတ္ထီလာ/ရမည်းသင်း)ခရိုင်အတွင်းရှိ မြို့မစျေးများနှင့် ရပ်ကွက်များအတွင်းသို့ ကုန်စည်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ စားသုံးသူများနှင့်စီးပွားရေးလုပ်ငန်းရှင်များကြား သတိပေးချက်တစ်ခု ဖြစ်စေနိုင်ရန်နှင့် စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိသော စားသုံးဆီအမျိုးမျိုးအား ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။
စားသုံးဆီအမျိုးမျိုး ရောင်းချနေသောအရောင်း ဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် (Packing) ဖြင့် ရောင်းချသော Goody ၊ Diamond၊ Meizan ၊ Sunar ၊ Me Too နှင့် Brinto ကုန်အမှတ်တံဆိပ်ပါ ဆီများသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသော ၂/၂၀၁၉ ညွှန်ကြားချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားတွင်ဖော် ပြထားသည့် အလေးချိန်နှင့်ကိုက်ညီမှုရှိကြောင်းနှင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များ လည်းပါရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး ခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် (Packing) ဖြင့် ရောင်းချသောဆီများထက် ခွက်ချိန်ဖြင့် လက်လီရောင်းချသော ဆီများကိုသာ အများဆုံးဝယ်ယူသုံးစွဲကြကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)