Main menu

မင်းပြားမြို့နယ်တွင် MSMEs- မုန့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အနေဖြင့်   ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်ဆိုသည့် မျှော်မှန်းချက်နှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ဒေသတွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် MSMEs စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ပါ သည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း (ဒု-ဦးစီးမှူး)သည် ၂၀၂၃ ခု ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် မင်းပြားမြို့နယ် တာဝန်ခံရုံး  အစည်းအဝေးခန်းမ၌ မြို့ပေါ်ရှိ MSMEs မုန့်လုပ်ငန်းရှင် (၅) ဦးကို စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်တို့လိုက်နာရမည့် ပြဌာန်းချက်များ၊ ကုန်ပစ္စည်းများပေါ်တွင် ရေးသားဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားရေးသား ဖော်ပြခြင်းဆိုင်ရာအချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်တို့အကြောင်းအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဆောင်ရွက်ခြင်းနှင့် တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များမှလည်း သိရှိလိုသည်များအား ပြန်လည်မေးမြန်းခဲ့ခြင်းအပေါ် ရှင်းလင်းဆွေးနွေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)