စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၀၂၃ခုနှစ် ၊ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန နှင့်ပူးပေါင်း၍ တရားမဝင် အစားအသောက်များအား စျေးကွက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာ၌ Online Media ဖြင့် Nestle Cerelac အမှတ်တံဆိပ် Instant Cerel with Milk(ပဲပိစပ်နှင့်သစ်သီး) Instant Cerel with Milk(ဂျုံ၊ငါးနှင့်ဟင်းနုနွယ် )Grain & Grow Oatmel အမျိုးအစားတို့အား ကြောငြာ၍ ဖြန့်ဖြူးရောင်းချခြင်းအပေါ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တရားမဝင် Online ကြော်ငြာချက် စောင့်ကြည့်ရေးအဖွဲ့မှ တင်ပြလာခြင်းအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ဝင်များ ဖြင့် ပူးပေါင်းစစ်ဆေး စစ်ဆေးခဲ့ကြောင်းသိရသည်။ စစ်ဆေးရာ၌ အဆိုပါ ကုန်စည်(၃) မျိုး၏ သွင်းကုန်ထောက်ခံချက် (IR) ရရှိထားခြင်းရှိ/မရှိကို စစ်ဆေးရန်ညွှန်ကြားထားကြောင်း သွားရောက်စစ်ဆေးရာတွင် ရောင်းချခြင်းမရှိကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)